🏡🏡 မိဘ အရိပ်​ 🏡🏡 ⛺အရွယ်ရောက်ပြီး လူတယောက် အလုပ်လက်ကျော မတင်းပဲ စိတ်သန့်သန့်နဲ့ ထမင်းစားခွင့် ရှိတာ မိဘအိမ် တစ်အိမ်ပဲရှိတယ်.. 💊 ⛺အရွယ်ရောက်ပြီး လူတယောက် ကြိုက်တဲ့ချိန်အိပ် ကြိုက်တဲ့ချိန်ထ ကာလနဂါးကြီး လုပ်ခွင့် ဖြစ်ခွင့်ရတာ မိဘအိမ် တစ်အိမ်ပဲရှိတယ်..💊 ⛺အရွယ်ရောက်ပြီး လူတယောက် မစားမသောက်ပဲ ဆိုးကောက်နေတဲ့ အချိန် ထမင်းစားဖို့ မရမကချော့ခေါ် ကျွေးတတ်တာ ကိုယ့်မိဘတွေပဲ ရှိတယ်..💊 ⛺ကိုယ်လှလှ မလှလှ .. ကိုယ် လူစဉ်မှီမှီ မမှီမှီ.. ကိုယ် ကောင်းကောင်း မကောင်းကောင်း.. ကိုယ် တော်တော် မတော်တော်.. ကိုယ့်အပေါ် မေတ္တာ စေတနာမပျက်တာ အနန္တကျေးဇူးရှင် မိဘနှစ်ပါးပါ..💊 ⛺ကိုယ်မိဘက သူများတွေလို မချမ်းသာလို့ .. ကိုယ့်မိဘက သူများတွေလို ပညာမတတ်လို့ .. ကိုယ့်မိဘက သူများတွေလို လူစဉ်မမှီလို့.. ကိုယ့်မိဘရဲ့ အလုပ်အကိုင်က သူများနည်းတူ အဆင့်မမြင့်လို့ ဆိုပြီး ..💊 ⛺စိတ်အလိုမကျ မဖြစ်ပါနဲ့ .. မရှက်ပါနဲ့ .. မလေးမစား မလုပ်ပါနဲ့ .. အထင် အမြင် မသေးပါနဲ့ .. လူရာမသွင်း မဆက်ဆံပါနဲ့ .. ကျေးဇူး မကန်းပါနဲ့ ..💊 ⛺လောကမှာ ဘာဖိအားမှမရှိပဲ ကိုယ်စိတ်ကြိုက် စိတ်လွတ်ကိုယ်လွတ် သက်သောင့်သက်သာ စားသောက် နေထိုင်ခွင့် ရှိတာ ကိုယ့်မိဘအိမ် တစ်အိမ်ပဲရှိတယ် ..💊 ⛺တစိမ်းလူတွေဆိုတာ ကိုယ်လုပ်နိုင်စွမ်းအား တခုတည်း အပေါ်မှာသာ မူတည်ပြီး ကိုယ့်တန်ဖိုးကို ဆုံးဖြတ်ကျတယ် .. တစိမ်းလူ ဆိုတာ ကိုယ်လုပ်နိုင်တုန်းပဲ ကိုယ့်ကို ကြည်ဖြူ ကျမှာပါ ..💊 ⛺တိုက်တာ အဆောက်အဦးကြီးတွေကို မဆိုထားပါနဲ့ တဲအိမ်အိုပျက်လေး ဖြစ်နေပါစေ ကိုယ်မိဘအိမ် မဟုတ်ရင် ကိုယ်စိတ်တိုင်းကျ နေထိုင် စားသောက်ခွင့် မရှိပါဘူး ..💊 ⛺ဆုံးရှုံးပြီးမှ မိဘတန်ဖိုးကို သတိထားမိမယ့် အစား မိဘနှစ်ပါး သက်ရှိ ထင်ရှားရှိနေချိန်လေး အတွင်းမှာ တန်ဖိုးထား ဆက်ဆံနိုင်ကြပါစေ .. မိဘကျေးဇူး ဆပ်နိုင်ကြပါစေ..💊 💊လေးစားလျက် 💊creditမူရင်း။ ။Ma pui(ဇလပ်မြေ)