#ဒီဘုရားက_ဒီဘုရားပါပဲ ❦❆❦❆❦❆❦❆❦❆❦❆ (တန်​ဖိုးသိမှ နိဗ္ဗာန်​ရမှာ) နာမည်ကြီးဘုရားလည်းဒီဘုရားပဲ နာမည်မထင်ရှားတဲ့ဘုရားလည်းဒီဘုရားပဲ ဆုတောင်းပြည့်ဘုရားလို့ အမည်ပေးထားလည်း ဒီဘုရားပါပဲ တန်ခိုးကြီးဘုရားလို့ အမည်တပ်ထားလည်း ဒီဘုရားပါပဲ.. တစ်ချို့နော် ဟိုဘုရားက လာဘ်ကောင်းတယ် ဒီအသားနဲ့ ထုထားတဲ့ဘုရားကိုးကွယ်ရင် စီးပွားတက်မယ် ကျန်းမာရေးကောင်းမယ် ဒီဘုရားပုံတော်က လာဘ်ကောင်းတယ်နဲ့အမျိုးမျိုးပါပဲ နာမည်ကြီးတယ် တန်ခိုးကြီးတယ် ဆုတောင်းပြည့်တယ် လာဘ်ကောင်းတယ်ဆိုတဲ့ ဘုရားကိုပဲ ကိုးကွယ်ချင်ကြတဲ့သဘောဖြစ်နေတယ် လာဘ်မကောင်းတဲ့ဘုရားကိုဆို အိမ်မှာတောင်ထားချင်မှထားမယ် အဲဒီလိုကိုဖြစ်နေတယ် အဲဒီလိုမဖြစ်ပါစေနဲ့နော်။ #ဘယ်ဘုရားပဲဖြစ်ဖြစ် #မြတ်စွာဘုရားရဲ့ကိုယ်စားတော်အနေနဲ့ #တည်ထားပူဇော်ကြတာ ဒါကြောင့် ရုပ်ပုံတော်ကို ကြည့်ရှုဖူးမြင်ပြီးတဲ့အခါမှာ မြတ်စွာဘုရားရဲ့"အရဟံ"စသော ဂုဏ်တော်တွေကို အာရုံပြု ထိုအာရုံပြုခြင်းအားဖြင့် မိမိရဲ့သန္တာန်မှာ အာရုံပြုနေတဲ့အခိုက် လောဘငြိမ်းတယ် ဒေါသငြိမ်းတယ် မောဟငြိမ်းတယ် #ထိုအငြိမ်းဓာတ်သည်သာလျှင်အနှစ်သာရ #ဘုရားကိုအာရုံပြုပြီးတော့စိတ်ငြိမ်းချမ်းမှုရနေတာ ဒါဟာ ရနေတာကို ရမှန်းမသိဘူး ဟို ဘာမဟုတ်တဲ့ ပိုက်ဆံရချင်တာ စီးပွားတွေတက်ချင်နေတာဆိုတဲ့ လောဘတွေပဲဖြစ်နေတာမဟုတ်လား #ဘုရားကိုကိုးကွယ်ရင်းလောဘတွေတိုးနေကြတယ် မြတ်စွာဘုရားကို ကိုးကွယ်တယ်လို့ဆိုတဲ့အခါမှာ အသိဉာဏ်ရဖို့ ကိုးကွယ်တာ မသိသေးတာသိဖို့ ကိုးကွယ်တာ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိဖို့ ဒါကလုပ်သင့်တယ် ဒါကမလုပ်သင့်ဘူး ဒါသွားသင့်တဲ့လမ်း မသွားသင့်တဲ့လမ်း ခွဲခြားသိဖို့ ဘုရားက ဆုံးမမယ် သြဝါဒပေးမယ် ဒီ​မျှော်လ​င့်ချက်နဲ့ ဘုရားဆီကိုသွားတာ #ဘုရားကိုကိုးကွယ်တယ်ဆိုတာအဲဒီမျှော်လင့်ချက်နဲ့.. #ဘုရားကဒီ့ထက်ပိုပြီးတော့ #ဘာလုပ်ပေးနိုင်တုန်းဆိုတော့ #ဘာမှလုပ်မပေးနိုင်ဘူး #လုပ်တာကကိုယ့်ဟာကိုယ်ပဲလုပ်ရမှာနော်.. (ပါချုပ်​ဆရာ​တော်​ တရားမှ ထုတ်​နှုတ်​​ဖော်​ပြသည်​) Credit : ဥမ္မာချမ်း