.
🤓 " ခေတ်သစ်ကိုလိုနီနှင့်ထိန်းချုပ်ခံ မြင်ကွင်းသစ် " 🤓
*******************************
(၂၇ . ၈. ၂ဝ၁၈)နေ့လည်ခန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ Page နှင့် အခြား Page (၅ဝ) ကျော်ကို Facebook မှ အပြီးပယ်ဖျက်လိုက်သည်ဟူသော သတင်းက အတော်ဂယက်ထသွားသည်။ သမ္မတရုံးညွှန်ချုပ်ဖြစ်သူ ဦးဇော်ဌေးက ထိုသို့ဖြစ်စဉ်မှာ အစိုးရနှင့်သက်ဆိုင်မှုမရှိကြောင်းဆိုသည်။ သို့သော်လည်း Facebook ဘက်မှမှုအစိုးရက Pin Point ပေးထားသော အကောင့်၊ပေ့ခ်ျများကိုသာ အရေးယူဆောင်ရွက်ပါသည်ဟု ယခင်ကတည်းက Facebook ၏မူဝါဒကိုထုတ်ပြန်ထားရာ . . . ထိုဖြစ်ရပ်(၂)ခု မှာအတော်ကို ရှေ့နောက်ဆန့်ကျင်လျှက်ရှိကြောင်းတွေ့ရပါလိမ့်မည်။
.
🐬 " အကြောင်းပြချက်ဆီလျော်မှု ရှိ-မရှိ "
~~~~~~~~~~~~~~~~~~~~
များမကြာမီ Facebook မှပယ်ဖျက်လိုက်သော Page များတွင်သံဃာတော်များဆွမ်းကပ်နေပုံကို ဖော်ပြပြီး၊ထိုသို့ဆောင်ရွက်ခြင်းက Facebook Standard နှင့်မညီသောကြောင့်ဟုဆိုသည်။ များစွာရင်နာ ဖွယ်ရာကောင်းလှသည်ဟုသာမြင်ပါ၏။
မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာအဓိကနိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာနိုင်ငံ၏အထွတ်အမြတ်ထားရာ . . . ဗုဒ္ဓသားတော်များဖြစ်ကြသော သံဃာတော်များကို ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော တပ်မတော်သားများက ဆွမ်းကပ်ခြင်းသည် မည်သို့သော
Facebook စံနှုန်းနှင့်ညိစွန်းရပါသနည်း ?
Facebook စံနှုန်းကိုမည်သို့ သတ်မှတ်ထားကြပါသနည်း ?
ခရစ်ယာန်အများစုရှိသောနိုင်ငံတွင် သူတို့၏တပ်မတော် သည် ဘုရားကျောင်းနှင့်အနည်းအများ ဆက်စပ်ကြမည်ဖြစ်ပြီး၊ အစ္စလာမ်ဘာသာကိုကိုးကွယ်ကြသူများသည်လည်း ထိုနည်းနှင်နှင်သာ ရှိကြပါလိမ့် မည်။Facebook ၏အကြောင်းပြချက်သည်လုံးဝခိုင်လုံမှုမရှိဟုသာဆိုရပါလိမ့်မည်။အစိုးရများ၏ Pin Point ပေးသည့် Account/ Page များကိုပယ်ဖျက်ပေးရသည်ကတော့ ၏ Facebook မူဝါဒဖြစ်သည်။
စာရေးသူ၏ Account (၁)လအပိတ်ခံရသည်။(၂၇ . ၇ . ၁၈) မှ (၂၆ . ၈ . ၁၈)အထိဖြစ်သည်။ထိုစဉ် က ရေဘေးနှင့်ပတ်သက်၍အစိုးရ၏ပြင်ဆင်မှုမရှိသောအကြောင်းကိုရေးခဲ့ပြီး အပိတ်ခံရသည်။ Facebook မှ (၁)လပိတ်လိုက်ခြင်းကို ၂ဝ၁၆ တွင်တင်ထားသည့်ဓာတ်ပုံများကြောင့်ဟုထုတ်ပြန်ခဲ့သည်။ဓာတ်ပုံ(၁)ပုံမှာ ဦးဝီရသူ ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တပ်မတော်သားများဆွမ်းကပ်နေသည့်ပုံ၊ဒုတိယ(၁)ပုံမှာ အင်းစိန်ရွာမဆရာတော်ကြီး၏ထိုင်တော်မူနေသည့်ပုံ နှင့် တတိယပုံမှာ သီတဂူဆရာတော်ကြီး မတ်တပ်ရပ် နေပုံတို့ဖြစ်သည်။ဘာစာမှမပါဘဲရိုးရိုးဓာတ်ပုံသာဖြစ်၏။မျှတပါ၏လော ? ။
.
(၂၆ . ၈ . ၁၈) ည (၁ဝးဝဝ)နာရီခန့်တွင် တလပြည့်၍ Account ပြန်ပွင့်ပါသည်။(၂၇ . ၈ . ၁၈)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ Page နှင့် အခြားဆက်စပ်အကောင့် (၅ဝ) ခန့်ကို Facebook မှ ပိတ်သိမ်းလိုက်ကြောင်းသတင်းတက်လာရာ . . . . ထိုအကြောင်းနှင့်ဆက်စပ်သောစာအချို့ကိုတင်ခဲ့ပါသည်။ (၁၇)နာရီမျှသာအသုံးပြုလိုက်ပြီး၊တလအကောင့်ထပ်မံပိတ်လိုက်ပြန်ပါ၏။အကြောင်းပြချက်က ၂ဝ၁၆ က တင်ခဲ့သော သံဃာတော်များဆွမ်းကပ်သည့်ပုံကြောင့်ဟုအကြောင်းပြချက်ပေးထားပါသည်။
Facebook သုံးစွဲသူများစဉ်းစားနိုင်ရန်ဖြစ်သည်။
.
🤓 " တပ်မတော်သည်နိုင်ငံတခု၏မဏ္ဍိုင်တခု "
~~~~~~~~~~~~~~~~~~~~~~~
အချုပ်အချာပိုင်ဆိုင်သောနိုင်ငံတခုတွင် တပ်မတော်သည်တခုတည်းသာရှိပါ၏။အချို့သောနိုင်ငံ များတွင်မူ ပြည်တွင်းလက်နက်ကိုင်အချို့ရှိနိုင်ပါသည်။ မည်သို့ဆိုစေ . . . နိုင်ငံတခုတွင် အစိုးရတရပ်၊ တပ်မတော်တခုသာရှိရသည့်သဘောဖြစ်ပါ၏။ထိုနိုင်ငံ၏အချုပ်အချာ လုံခြုံရေးကိုကာကွယ်စောင့်ရှောက် ရသောတပ်မတော်သည်တခုတည်းသော အင်အားအကောင်းဆုံးအင်စတီကျုးရှင်းလည်းဟုတ်၊ မဏ္ဍိုင်တခု လည်း ဖြစ်ပါသည်။
ဒီမိုကရေစီ၏ ရှေ့ဆောင်ဟု သမုတ်ကြသော၊ အင်္ဂလိပ်နှင့်အမေရိကန်လို နိုင်ငံမျိုးမှာပင် ]အစိုးရ နှင့်တပ်}ဆက်ဆံရေးကောင်းမွန်အောင်ကြိုးစားရလေ့ရှိသည်။မည်သို့ပင်ဒီမိုကရေစီဟုဆိုစေကာမူ. . . အစိုးရ နှင့်တပ်မတော်ဆက်ဆံရေးမကောင်းမွန်သည့်အခါအာဏာသိမ်းခံရမှုဖြစ်ပွားလေ့ရှိတတ်သည်၊ အီဂျစ် တွင်. . . ရွေးကောက်ပွဲမှတက်လာသော မော်စီအစိုးရသည် တပ်မတော်နှင့်ဆက်ဆံရေးမကောင်းမွန်သောကြောင့် ဗိုလ်ချုပ်ကြီးစီစီ၏အာဏာသိမ်းခြင်းကိုခံခဲ့ရပါ၏။ အခြားနိုင်ငံများလည်းအများအပြားဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏Page အပါအဝင်၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဆက်စပ် Page များ၊ သတင်းထုတ်ပြန်ပေးရာ. . . မြဝတီ Page များပင် ကျယ်ပြန့် စွာဖယ်ရှားခံရလိုက်ခြင်းသည် လွန်စွာထူးခြားသည်ဟုဆိုရပါလိမ့်မည်။ နိုင်ငံတခု၏ အဓိကမဏ္ဍိုင်တခုလည်း ဖြစ်၊ အရေးပါသောအင်စတီကျုးရှင်းလည်းဖြစ်ပြီး၊မြန်မာနိုင်ငံလို ယခုကဲ့သို့အကဲဆတ်သည့်အချိန်မျိုးတွင် တိုက်ဆိုင်စွာ ကျယ်ကျယ်ပြန့်ပြန့်ပိတ်သိမ်းလိုက်ခြင်းမှာ အလွန်ထူးခြားသောဖြစ်ရပ်ဖြစ်ပြီး၊ Facebook သက်တမ်းတွင်အကြီးမားဆုံးသောစွန့်စားရသည့်ဆောင်ရွက်မှုတခုဖြစ်မည်ဟုယူဆပါသည်။
FB ၏စံနှုန်းအရထိုသို့ Page ပေါင်း(၅ဝ)ကျော်ကိုပိတ်သိမ်းရန်မဖြစ်နိုင်ချေ။ FB ၏မူဝါဒဖြစ်သော အစိုးရ၏ Pin Point ကြောင့်သာဖြစ်ဟန်ပိုရှိပါသည်။ တပ်မတော်နှင့်ပတ်သတ်သောကမ္ဘာ့သတင်းမီဒီယာ အသုံးပြုကဏ္ဍကိုအမြစ်ဖြုတ်လိုက်ခြင်းသာဖြစ်သည်။
ဖြစ်နိုင်ချေ(၂)ခုရှိသည်ဟုယူဆပါ၏။
စိန်ခေါ်မှုကြီးကြီးမားမားကိုလောင်းကြေးကြီးကြီးဖြင့်အလဲအထပ်ပြုလုပ်လိုက်ခြင်း၊ဒုတိယတချက်မှာဖြစ်ရပ်ကြီးကြီးမားမားဖြစ်စဉ်တခု ဖြစ်ပေါ်လာခဲ့လျှင် ကျယ်ပြန့်သောသတင်းဖြေရှင်း၊ ဖြန့်ချိမှုများကို မပြုလုပ်နိုင်ရန်ကြိုတင်ထိန်းချုပ်ကန့်သတ်လိုက်ခြင်းဖြစ်တန်ရာသည်ဟုမြင်သည်။
(၂)ခုလုံးလဲ တပြိုင်နက်ဖြစ်နိုင်ပါ၏။ သာမန်စမ်းသပ်မှုထက် လွန်သော စိန်ခေါ်မှုအမြင့်ဆုံးကို ဆောင်ရွက်လိုက်သည်ဟုယူဆဖွယ်ရာရှိပါ၏။ FB ကိုသူတို့ဗဟိုမှချုပ်ကိုင်ထားသည်ဖြစ်ရာ. . . သူတို့ဖြုတ်ချ လိုသောမည်သည့်သတင်းကိုမဆို နည်းပညာအရဖြုတ်ချနိုင်ပါ၏။ ထို့ကြောင့်သတင်းထိန်းချုပ်ခြင်းထက် စိန်ခေါ်မှုကပိုသည်ဟုယူဆဖွယ်ရာရှိသည်။
🤓 နိုင်ငံရေး၊ စစ်ရေးတွင်တိုက်ဆိုင်မှုမရှိပါ
~~~~~~~~~~~~~~~~~~~~~~
ဤဆောင်းပါးရေးနေစဉ်အင်တာဗျုးဝင်လာသည်။ UN Facts finding ရဲ့အစီရင်ခံစာထွက်လာပြီး နာရီပိုင်းအကြာမှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် Page များစွာကိုဖျက်သိမ်းလိုက်ကာတိုက် ဆိုင်မှုများလား၊ Facts finding Report ကြောင့်လားဟုမေးပါ၏။
“အခုအရေးကတိုက်ဆိုင်မှုလို့ယူဆဖို့ခက်ခဲလွန်းလှပါတယ်၊ တပ်မတော်ဟာနိုင်ငံအဆင့်တပ်မတော် ပါ၊ ဘာမှမဟုတ်တဲ့ ကျွန်တော့်ကုမ္ပဏီမှာတောင်လုပ်ငန်းတခုချဲ့ထွင်မယ်၊ပိတ်သိမ်းမယ်ဆိုရင် . . . မန်နေဂျာ တွေ လေ့လာဆန်းစစ်မှုလုပ်ပြီး ကျွန်တော်ဆီ report တင်ကာအနည်းဆုံး၎/၅ရက်ကြာတယ်၊ ကျွန်တော် အဆုံးအဖြတ်ပေးဖို့ပြန်စစ်ဆေးရတာ(၄/၅)ရက်အနည်းဆုံးထပ်ကြာရပါတယ်၊Facts finding report ကြောင့်လို့ ဆိုရ